Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net

Recent Posts

သဘောကောင်းတဲ့နည်းပြတွေရဲ့ အဆုံးသတ်ကိုပြောပြရင်း ဆိုးလ်ရှားကို ပါးပါးလေးခနဲ့သွားခဲ့တဲ့ မော်ရင်ဟို

ယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုက ဘောလုံးအသင်းရဲ့နည်းပြတွေအနေနဲ့ သဘောကောင်းလွန်းပါက အသင်းရဲ့ အကြီးပိုင်းတာဝန်ရှိတွေရဲ့ ထိန်းချုပ်မှုကို ခံရမှာဖြစ်ကြောင်း ဆိုးလ်ရှားကို ရည်ရွယ်ပြီး ပါးပါးလေးပုတ်ခတ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှ အိုးထရက်ဖို့ဒ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မော်ရင်ဟိုက ၄င်းရဲ့နေရာမှာအစားထိုးဝင်ရောက်လာတဲ့ နော်ဝေသားနည်းပြအနေနဲ့ အသင်းရဲ့စီမံခန့်ခွဲမှုအပိုင်းမှာ ဟန်ချက်ညီအောင်မလုပ်နိုင်ပါကအသင်းမှာ ရေရှည်ခံမှာ မဟုတ်ဘူးလို့ ရှင်းပြသွားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ၂၀၁၇-၁၈ ရာသီကို အဆင့်(၂)နဲ့အဆုံးသတ်ပေးခဲ့တာဟာ ၄င်းရဲ့ အကြီးမားဆုံးသောအောင်မြင်မှုလို့ ပြောကြားခဲ့တာနဲ့ပတ်သက်လို့ အခုချိန်မှာတော့ပရိသတ်တွေနားလည်နေလောက်ပြီလို့ ယုံကြည်နေပါတယ်။ L’Equipe နဲ့အင်တာဗျူးရာမှာတော့ မော်ရင်ဟိုက “ယူနိုက်တက်ဟာ လက်ရှိရာသီရဲ့ ချန်ပီယံလိဂ်မှာ ဗလန်စီယာ၊ ဂျူဗင်တပ်စ်အစရှိတဲ့အသင်းတွေနဲ့အတူ အုပ်စုကြပ်ထဲမှာ ကျရောက်ခဲ့ပါတယ်၊ ပြီးတော့ ပြည်တွင်းလိဂ်မှာလည်းရလဒ်မကောင်းခဲ့ပါဘူး၊ ယေဘုယျအားဖြင့်ပြောရရင် ကစားသမားတွေဟာလည်း သူတို့ဆီက တောင်းဆိုမှုအရမ်းများလွန်းတဲ့အတွက် ဖိနှိပ်ခံရသလိုဖြစ်သွားခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ဒုတိယရာသီက …

Read More »


လာမယ့်နှစ်ဘောလုံးရာသီမှာ ၀တ်ဆင်မယ့် မန်ယူအသင်းရဲ့ ဂျာစီသစ် zawgyi လာမယ့်နှစ်ဘောလုံးရာသီမှာ မန်ယူအသင်းဝတ်ဆင်မယ့် ဂျာစီသစ် အွန်လိုင်းမှာပျံ့နှံ့ထက်ပေါ်လာခဲ့ပြီး အဲဒီဂျာစီကို ပရိသတ်တွေ လက်ခံဖို့ရှိနိုင်တယ်လို့လည်း မျှော်လင့်နေကြပါတယ်။ Adidas ဟာ သူတို့ရဲ့ Icon Collection ကို ပြီးခဲ့တဲ့နှစ်က စတင်ပြုလုပ်ခဲ့ပြီး သူတို့စပွန်ဆာပေးထားတဲ့ အသင်းကြီးအချို့အတွက်လည်း စတုတ္ထမြောက်ဂျာစီသစ်ကို ဖန်တီးပေးခဲ့ပါတယ်။ ယခုဂျာစီသစ်ကို အထူးပြုလုပ်ထားပြီး Real Red လို့ ခေါ်သွင်ပြီး အသင်းရဲ့ တံဆိပ်နဲ့ ကော်လံတွေကိုတော့ အဖြူရောင်နဲ့ ဖန်တီးထားပြီး အနက်ရောင် အနည်းငယ်ထည့်သွင်းထားတာပါ။ unicode လာမယ့်နှစ်ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် မန်ယူအသင်းရဲ့ ဂျာစီသစ် လာမယ့်နှစ်ဘောလုံးရာသီမှာ မန်ယူအသင်းဝတ်ဆင်မယ့် ဂျာစီသစ် အွန်လိုင်းမှာပျံ့နှံ့ထက်ပေါ်လာခဲ့ပြီး အဲဒီဂျာစီကို ပရိသတ်တွေ လက်ခံဖို့ရှိနိုင်တယ်လို့လည်း …

Read More »

မန်ယူမကောင်းကြောင်း ဘယ်တော့မှမပြောခဲ့ပေမယ့် လှောင်ပြောင်ခံရမယ်လို့ မျှော်လင့်ခဲ့တယ်လို့ ဒီမာရီယာပြော

မန်ယူမကောင်းကြောင်း ဘယ်တော့မှမပြောခဲ့ပေမယ့် လှောင်ပြောင်ခံရမယ်လို့ မျှော်လင့်ခဲ့တယ်လို့ ဒီမာရီယာပြော zawgyi ဒီမာရီယာဟာ သူ့အသင်းဟောင်း မန်ယူကိုဝေဖန်မှု ဘယ်တော့မှမလုပ်ခဲ့ဘူးလို့ ပြောဆိုခဲ့ပေမယ့် ပီအက်စ်ဂျီက မန်ယူကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ အသင်းဟောင်း ပရိသတ်တွေရဲ့ မျက်နှာကြောတင်းမာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီမာရီယာအနေနဲ့ မန်ယူအသင်းနဲ့အတူ တစ်ရာသီကြာ ကစားခဲ့ပြီးနောက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီး ယခုအခါမှ အသင်းဟောင်းကို ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရတာဖြစ်သလို အဲဒီပွဲစဉ်မှာပဲ  ပီအက်စ်ဂျီအသင်း ရခဲ့တဲ့ သွင်းဂိုး  ၂ ဂိုးလုံးကို ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီမာရီယာအနေနဲ့ မန်ယူအသင်းကို ရီးရဲအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ၀န်းကျင်နဲ့ ရောက်လာခဲ့ပေမယ့် အသင်းနဲ့နေသားကျဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် မန်ယူအသင်းကို …

Read More »

ဆိုးလ်ရှားက သူ့ကိုတိုက်စစ်မှာ ပိုစွမ်းဆောင်ဖို့ တောင်းဆိုထားတယ်လို့ မာရှယ်ပြော

ဆိုးလ်ရှားက သူ့ကိုတိုက်စစ်မှာ ပိုစွမ်းဆောင်ဖို့ တောင်းဆိုထားတယ်လို့ မာရှယ်ပြော zawgyi မန်ယူအသင်းသားတွေဟာ မော်ရင်ညိုရဲ့လက်အောက်မှာ ကစားခဲ့ရတဲ့ ပုံစံထက် သူနဲ့ပြောင်းပြန်ဖြစ်တဲ့ တိုက်စစ်အသားပေး ကစားနေတဲ့ နည်းပြသစ်ဆိုးလ်ရှားလက်အောက်မှာ  ကစားနေရတဲ့ တိုက်စစ်ကစားဟန်နဲ့ ပိုပြီးအဆင်ပြေနေတယ်လို့ မာရှယ်ကပြောခဲ့ပါတယ်။ မာရှယ်အနေနဲ့ မော်ရင်ညိုနဲ့ အဆင်မပြေခဲ့သလို ရောင်းချခံရဖို့ အနေအထားတွေနဲ့တောင် ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မာရှယ်ဟာ နည်းပြသစ် ဆိုးလ်ရှားရဲ့ ၂ လလောက် တာဝန်ယူနေချိန်မှာပဲ ခြေစွမ်းကောင်းတွေကို ပြန်လည်ရရှိလာခဲ့သလို အသင်းနဲ့လည်း ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့လက်အောက်မှာ မာရှယ်ဟာ ပွဲထွက်ခွင့် ပုံမှန်ဆိုသလိုရရှိနေပြီး ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဒီရာသီအတွက် ၁၁ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ “ကျွန်တော်တို့ ကွဲပြားတဲ့ရည်ရွယ်ချက်ရှိတဲ့ …

Read More »

မန်ချက်စတာကို ရောက်လာခဲ့တဲ့ ပီအက်စ်ဂျီအသင်းသားများ

မန်ချက်စတာကို ရောက်လာခဲ့တဲ့ ပီအက်စ်ဂျီ အသင်းသားများ zawgyi ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် အရေးကြီးပွဲစဉ်အဖြစ် နည်းပြသစ် ဆိုးလ်ရှားလက်အောက်မှာ ပုံစံကောင်းတွေရနေတဲ့ မန်ယူအသင်းနဲ့ရင်ဆိုင်ဖို့အတွက် မန်ချက်စတာကို ရောက်ရှိလာခဲ့ပါပြီ။ ဒီနှစ်ချန်ပီယံလိဂ်ဖလားအတွက် ရေးပန်းစားနေတဲ့ အသင်းများအနက် တစ်သင်းဖြစ်နေတဲ့ ပြင်သစ်အမှတ်ပေး ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ် ပထမအကျော့အဖြစ် မန်ယူကွင်းမှာ စတင်ကစားရမှာပါ။ ပီအက်စ်ဂျီအသင်းအနေနဲ့ မန်ချက်စတာ ခရီးစဉ်မှာတော့ အသင်းပရိသတ်တွေ သိရှိစေနိုင်ရေးအတွက် အချိန်နဲ့တပြေးညီ ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူနဲ့ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီအသင်းကို လူငယ်ကစားသမား အမ်ဘာပီက ဦးဆောင်လာမှာဖြစ်ပြီး အဓိကကစားသမား နေမာကတော့ ဒဏ်ရာကြောင့် ဒီပွဲစဉ်ကို လွဲချော်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် …

Read More »

မိုလ်ဒီအသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ် ၁၀၀ ကျော်ကို ပီအက်ဂျီနဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲကြည့်ဖို့ မန်ယူကမ်းလှမ်း

မိုလ်ဒီအသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ် ၁၀၀ ကျော်ကို ပီအက်ဂျီနဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲကြည့်ဖို့ မန်ယူကမ်းလှမ်း zawgyi မိုလ်ဒီအသင်းရဲ့ အကြီးအကီးအကဲတွေဟာ မန်ယူအသင်းရဲ့အကြီးအကဲ ၀ုဒ်ဝပ်ဒ်နဲ့အတူ အိုးထရက်ဖို့ဒ်ကွင်းအတွင်း အသင်းဒါရိုက်တာတွေအတွက် သီးသန့်နေရာမှာ ပီအက်စ်ဂျီနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲကြည့်ဖို့ ရောက်လာပါလိမ့်မယ်။ ဆိုးလ်ရှားဟာ နော်ဝေကလပ် မိုလ်ဒီအသင်းကနေ မန်ယူအသင်းကို ရာသီကုန်အထိ နည်းပြပေးဖို့ အငှားနဲ့ရောက်လာခဲ့တာဖြစ်ပေမယ့် သူဟာ အံ့အားသင့်ဖွယ်၊ ရှုံးပွဲမရှိအနေအထားဖြစ်အောင် စွမ်းဆောင်ပေးထားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆိုးလ်ရှားဟာ စပါးစ်နည်းပြ ပိုချက်တီနိုနဲ့အတူ မန်ယူအသင်းကို တရားဝင်နည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့သူလည်း ဖြစ်နေပါတယ်။ ဒါအပြင် ဆိုးလ်ရှားကို မန်ယူအသင်းသားတွေက ထောက်ခံနေကြတယ်လို့လည်း မန်ယူကွင်းလယ်ကစားသမား လင်ဂတ်က ပြောထားပါသေးတယ်။ “ဆိုးလ်ရှားနဲ့ လက်ထောက်နည်းပြ ဖီလန်တို့ဟာ မန်ယူသွေးတွေကို ပြန်လည်ယူဆောင်လာခဲ့ပါတယ်။ …

Read More »

ကမ္ဘာ့လုပ်ခအများဆုံးရရှိတဲ့ ဘောလုံးကစားသမား ၁၀ ဦး

ကမ္ဘာ့လုပ်ခအများဆုံးရရှိတဲ့ ဘောလုံးကစားသမား ၁၀ ဦး zawgyi ကမ္ဘာပေါ်မှာ လုပ်ခအများဆုံးရတဲ့ ဘောလုံးကစားသမားများစာရင်းမှာတော့ မက်ဆီဟာ တစ်လလုပ်ခ (အခွန်မဆောင်ရသေးခင်) ပေါင် ၇.၃ သန်းနဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး အဆိုပါပမာဏဟာ အဓိကပြိုင်ဘက် ရော်နယ်ဒိုရရှိနေတဲ့ လုပ်ခရဲ့ ၂ ဆလောက်ရှိနေခဲ့တာပါ။ ကစားသမားတွေရဲ့ လုပ်ခလစာနဲ့ပတ်သက်ပြီး တွက်ချက်တဲ့ဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့ပေါ်မှာ လုပ်ခအများဆုံးရတဲ့ ကစားသမား ၁၀ ဦးရဲ့ တစ်လအတွင်း အခွန်မဆောင်ရသေးခင် ရရှိတဲ့လုပ်ခတွေကို ဖော်ပြပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ကစားသမား ၁၀ ဦးမှာ ၅ ဦးက စပိန်ကလပ်တွေကဖြစ်ပြီး ပြင်သစ်ကလပ်တွေက ၂ ဦး၊ အင်္ဂလန်ကလပ်တွေက ၂ ဦးနဲ့ အီတလီက တစ်ဦးပါဝင်လာခဲ့ပါတယ်။ …

Read More »

မန်ယူသတင်းတိုများ

မန်ယူဘောလုံးသတင်းတိုများ zawgyi ၁။ ဆိုးလ်ရှားနဲ့ မန်ယူတို့ရဲ့အခြေအနေဟာ လုံးဝပြီးပြတ်တဲ့ အနေအထားမဟုတ်သေးပေမယ့် မန်ယူအသင်းကတော့ အဓိကကစားသမားတွေကို အသင်းမှာဆက်ရှိနေစေရေး သေချာစေဖို့အတွက် လုပ်ဆောင်နေပါတယ်။ မကြာမီအချိန်အတွင်း လီဗာပူး၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့နဲ့ ကစားရမယ့်ပွဲစဉ်တွေက မသေချာသေးတာတွေကို သေချာအောင်လုပ်ဆောင်ပေးသွား လိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။ ၂။ မန်ယူအသင်းသားတွေဟာ ဆိုးလ်ရှားကို တရားဝင်နည်းပြအဖြစ် ခန့်အပ်တော့မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ပဲ သက်တမ်းတိုးစာချုပ်တွေ ချုပ်ဆိုဖို့အတွက် တန်းစီနေကြပါတယ်။ မန်ယူအသင်းကို ဆိုးလ်ရှားရောက်လာပြီးကတည်းက ၉ ပွဲနိုင် တစ်ပွဲသရေဆိုတဲ့ ရလဒ်ကောင်တစ်ခုကို ရယူနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း မန်ယူအသင်းမျှော်လင့်ထားတဲ့ အဆင့် ၄ အတွင်း ၀င်ရောက်နိုင်ရေးအတွက်လည်း ပိုမိုနီးစပ်မှုရှိလာပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့သလို ပီအက်စ်ဂျီနဲ့ ကစားရမယ့် …

Read More »

ဒီဂီယာဟာ မန်ယူသမိုင်းရဲ့ အကောင်းဆုံးဂိုးသမားပါ – ပက်ဒီကရဲရန့်ဒ်

ဒီဂီယာဟာ မန်ယူသမိုင်းရဲ့ အကောင်းဆုံးဂိုးသမားပါ – ပက်ဒီကရဲရန့်ဒ် zawgyi မန်ယူအသင်း ကစားသမားဟောင်းဖြစ်တဲ့ ပက်ဒီကရဲရန့်ဒ်ကတော့ ဒီဂီယာဟာ အသင်းသမိုင်းရဲ့ ဂိုးသမားနေရာမှာတော့ ဗန်ဒါးဆား၊ ရှက်မိုက်ကယ်တို့ရဲ့ အထက်မှာရှိနေတယ်လို့ ယုံကြည်နေပါတယ်။ စပိန်လက်ရွေးစင် ဒီဂီယာဟာ မန်ယူအသင်းကို ၂၀၁၁ ခုနှစ်က ပြောင်းရွှေ့လာခဲ့ပေမယ့် ပထမရာသီမှာတော့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နောက်နှစ်တွေမှာတော့ အမှတ်ပေးဖလားကိုတောင် ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဂီယာအနေနဲ့ မန်ယူအသင်းသမိုင်းတစ်လျှောက် အားနည်းမှုရှိတဲ့ အသင်းနဲ့အတူ ကစားနေရပေမယ့် သူကတော့ ပြီးခဲ့တဲ့နှစ်တွေကလည်း သူ့ရဲ့ကောင်းမွန်တဲ့လက်စွမ်းတွေကို တည်ငြိမ်စွာ ထိန်းထားနိုင်ခဲ့သူပါ။ သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့အတူ အမှတ်ရဖွယ် ကာကွယ်မှုတွေကြောင့် မန်ယူအသင်းဟာ ရမှတ်များစွာ ရယူနိုင်ခဲ့ပြီး ကရဲရန့်ဒ်ကတော့ ဗန်ဒါးဆား၊ ရှက်မိုက်ကယ်တို့ပါဝင်တဲ့ အသင်းသမိုင်းရဲ့ ဂိုးသမားစာရင်းမှာ …

Read More »


အက်ရှ်လေယန်းကို တစ်နှစ်သက်တမ်းတိုးလိုက်ပြီ zawgyi #ဘောလုံးသတင်းများ အက်ရှ်လေယန်းဟာ ၂၀၁၁ ခုနှစ်က အက်စတွန်ဗီလာအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာ ၈ နှစ်လောက်ရှိနေပါပြီ။ မန်ယူအသင်းရဲ့ နောက်တန်းကစားသမား အက်ရှ်လေယန်းဟာ အသင်းနဲ့တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အသက် ၃၃ နှစ်အရွယ် ယန်းဟာ မန်ယူအသင်းကို ၂၀၁၁ ခုနှစ်မှာ အက်စတွန်ဗီလာအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ၇ နှစ်ခွဲကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ရယူထားခဲ့သူလည်း ဖြစ်ပါတယ်။ unicode အက်ရှ်လေယန်းကို တစ်နှစ်သက်တမ်းတိုးလိုက်ပြီ အက်ရှ်လေယန်းဟာ ၂၀၁၁ ခုနှစ်က အက်စတွန်ဗီလာအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာ ၈ နှစ်လောက်ရှိနေပါပြီ။ မန်ယူအသင်းရဲ့ …

Read More »

ဒီဂီယာနေရာမှာ အစားထိုးဖို့ရည်မှန်းထားတဲ့ မန်ယူအသင်းရဲ့ လူငယ်ဂိုးသမားကို ဘိုင်ယန်မြူးနစ်ခေါ်ယူလို

ဒီဂီယာနေရာမှာ အစားထိုးဖို့ရည်မှန်းထားတဲ့ မန်ယူအသင်းရဲ့ လူငယ်ဂိုးသမားကို ဘိုင်ယန်မြူးနစ်ခေါ်ယူလို zawgyi #ဘောလုံးသတင်းများ ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ယူအသင်းဂိုးသမား ဒန်းဟန်ဒါဆန်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ နာမည်ကြီး သတင်းတစ်ရပ်ရဲ့ ဖော်ပြချက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟန်ဒါဆန်ကို စိတ်ဝင်စားနေတဲ့ အသင်းများအနက် တစ်သင်းအပါအ၀င်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဂိုးသမား ဟန်ဒါဆန်အနေနဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ်ယူနိုက်တက်အသင်းမှာ အငှားနဲ့သွားရောက် ကစားနေပြီး လက်စွမ်းကောင်းတွေကို ပြသနေတာပါ။ ဟန်ဒါဆန်အနေနဲ့ လိဂ်ချန်ပီယံရှစ်ရဲ့ အကောင်းဆုံး ဂိုသမားတွေအနက်က တစ်ဦးအဖြစ် ပရိသတ်အများစုက တစ်နေ့တစ်ခြား ပိုမိုသတ်မှတ်ခံနေရခြင်းပဲ ဘိုင်ယန်မြူးနစ်အတွက် စိတ်ဝင်စားရဖြစ်နေရတာပါ။ ဒါပေမယ့် ကောလဟလသတင်းတွေအရ မန်ယူအသင်းဟာ သူ့ကိုရောင်းချဖို့ ဆန္ဒမရှိဘဲ သူဟာ အနာဂတ်မှာ ဒီဂီယာနေရာမှာ …

Read More »

မန်ယူခြေစွမ်းကောင်း ပြန်ရလာတာဟာ ပေါ့ဂ်ဘာကြောင့်လို့ လက်စတာနည်းပြပြော

မန်ယူခြေစွမ်းကောင်း ပြန်ရလာတာဟာ ပေါ့ဂ်ဘာကြောင့်လို့ လက်စတာနည်းပြပြော zawgyi #ဘောလုံးသတင်းများ ယာယီနည်းပြ ဆိုးလ်ရှားလက်အောက် မန်ယူအသင်း ပြန်လည်တည်ငြိမ်လာခြင်းရဲ့ နောက်ကွယ်မှာ ပေါ့ဂ်ဘာရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေရှိနေတယ်လို့ လက်စတာအသင်းနည်းပြ ကလောက်ပွဲက ယုံကြည်နေပါတယ်။ မန်ယူအသင်းဟာ နည်းပြသစ် ဆိုးလ်ရှားလက်အောက်မှာ ၁၀ ပွဲကစားထားရာမှာ ၉ ပွဲနိုင် တစ်ပွဲသရေရလဒ်နဲ့ ရှုံးပွဲမရှိအနေအထားဖြစ်နေပါတယ်။ “ဒီရလဒ်တွေရဲ့ နောက်ကွယ်မှာ ပေါ့ဂ်ဘာရှိနေတာ အသေအချာပါပဲ။ သူဟာ အသင်းရဲ့ခေါင်းဆောင်သူ ဖြစ်လာပြီး No.10 role နေရာမှာ အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ ကစားနေတာပါ။ ပေါ့ဂ်ဘာဟာ သူ့ရဲ့ပေးပို့မှုတွေကနေ အဆုံးအဖြတ်ပေးစေသလို သူကိုယ်တိုင်လည်း ဂိုးတွေသွင်းယူနေပါတယ်။ သူဟာ မန်ယူအသင်းကို ဆွဲခေါ်ပေးနေသူပါပဲ”လို့ ပြောခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူပြီးနောက် …

Read More »

ပရီးမီးယားလိဂ်မှာ  ကစားနိုင်စွမ်းရှိသေးတယ်လို့ ရွန်နေးပြော

ပရီးမီးယားလိဂ်မှာ  ကစားနိုင်စွမ်းရှိသေးတယ်လို့ ရွန်နေးပြော zawgyi #ဘောလုံးသတင်းများ မေဂျာလီဂ်ကလပ် ဒီစီယူနိုက်တိုက် အသင်းတိုက်စစ်မှူး ရွန်နေးကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် လုံလောက်တဲ့ အနေအထားရှိနေဆဲလို့ ယုံကြည်နေပါတယ်။ အင်္ဂလန်နဲ့ မန်ယူအသင်းတို့ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ထားခဲ့သူ ရွန်နေးဟာ ပြီးခဲ့တဲ့ ဇွန်လပိုင်းက အဲဗာတန်အသင်းကနေ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ၃ နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၁၇ ခုနှစ်အတွင်းက ရွန်နေးဟာ ကလေးဘ၀က ကစားခဲ့တဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ပုံစံကောင်းတွေရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီစီယူနိုက်တက်ကို ရောက်ခဲ့ချိန်မှာတော့ အမှတ်ပေးဇယား အောက်ဆုံးအနေအထားကနေ တန်းမဆင်းရေးအတွက် ပလေးအော့ဖ်ကစားခွင့်ရဖို့အတွက် ကူညီပေးနိုင်ခဲ့ပြီး အသင်းအတွက် ၂၁ ပွဲကစားခဲ့ရာမှာ ၁၂ …

Read More »

ရက်ဖို့ဒ်ကို သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီ

ရက်ဖို့ဒ်ကို သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီ zawgyi #ဘောလုံးသတင်းများ မန်ယူအသင်းဟာ အသင်းတိုက်စစ်ကစားသမား ရက်ဖို့ဒ်နဲ့ စာချုပ်သက်တမ်းတိုးရေးနဲ့ လစာတိုးမြှင်းရေးတို့အတွက် ဆွေးနွေးနေပြီဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ရက်ဖို့ဒ်ဟာ ဗန်ဟားလ်ရဲ့ ယုံကြည်မှုနဲ့အတူ မန်ယူအသင်းကြီးကို ရောက်လာခဲ့ပြီး မော်ရင်ညိုလက်ထက်မှာလည်း ပွဲကစားခွင့်များစွာ ရရှိခဲ့သလို လက်ရှိနည်းပြလက်ထက်မှာတော့ အားထားရတဲ့ ကစားသမားအဖြစ် ရှိနေသူလည်း ဖြစ်ပါတယ်။ ရက်ဖို့ဒ်ဟာ လက်စတာကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းက ဒီရာသီအတွက် ၁၀ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့သလို ဒီပွဲမှာ ကစားခွင့်ရခဲ့ခြင်းကြောင့် ရိုင်ယန်ဂစ်အပြီး မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည်ကစားနိုင်တဲ့ ဒုတိယအသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ရိုင်ယန်ဂစ်ကတော့ သူ့ကစားသမားဘ၀ကို မန်ယူအသင်းမှာပဲ ရှိနေခဲ့သလို …

Read More »

လက်ရှိမန်ယူအသင်းမှာ ရော်နယ်ဒို၊ ရွန်နေးတို့နှစ်ဦးနဲ့ ဆင်တူသူရှိတယ်လို့ ဆိုးလ်ရှားပြော

လက်ရှိမန်ယူအသင်းမှာ ရော်နယ်ဒို၊ ရွန်နေးတို့နှစ်ဦးနဲ့ ဆင်တူသူရှိတယ်လို့ ဆိုးလ်ရှားပြော zawgyi #ဘောလုံးသတင်းများ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ လက်ရှိမန်ယူအသင်းမှာ ရွန်နေး၊ ရော်နယ်ဒိုတို့နှစ်ဦးနဲ့ ဆင်တူတဲ့ ကစားသမားနှစ်ဦးရှိနေတယ်လို့ ယုံကြည်နေပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းကို တိုက်စစ်ကစားဟန် ပြန်လည်အသက်သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီအနေအထားများအနက် စပါးစ်နဲ့ အာဆင်နယ်တို့နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်တွေမှာ နိုင်ပွဲရယူနိုင်ခဲ့ခြင်းကပဲ သူတို့ရဲ့ကစားဟန် လန်းဆန်းတက်ကြွမှုရှိနေတာကို မြင်နိုင်ပါတယ်။ လက်ရှိမန်ယူအသင်းနဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်က ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ မန်ယူအသင်းတို့အကြား ကွာခြားမှုများစွာ ရှိနေတယ်ဆိုပေမယ့် ဆိုးလ်ရှားကတော့ မာရှယ်နဲ့ ရက်ဖို့ဒ်တို့နှစ်ဦးရဲ့ ကစားဟန်ဟာ ရွန်နေးနဲ့ ရော်နယ်ဒိုတို့  ကစားခဲ့ပုံမျိုးနဲ့ ဆင်တူနေတယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော်တို့မှာ မတူညီတဲ့ ကစားသမားတွေ …

Read More »